ထာဝရဘုရားကိုချီးမွမ်းခြင်း...

ထာဝရဘုရားကိုချီးမွမ်းခြင်း...

ဣ သရေ လ လူ မျိုး များ သည် ထာဝရဘုရားကို ချီးမွမ်း ပူဇော်ကြ သည်။ ဟေဗြဲဝေါ ဟာရနှစ် လုံး ကို ပေါင်းစပ် ထားသော ဟာလေ လုယ သည် ထာဝရ ဘုရား ကို ချီး မွမ်းလော့ ဟု အဓိ ပ္ပာယ် ရ သည်။ ထာဝရ ဘုရား သည် ချီးမွမ်း ခံ ထိုက်သော ကြောင့် ချီး မွမ်းကြ ခြင်းဖြစ် သည်။ ( ဆာလံ ၁၈း ၃း ၁၄၅း ၃ ) ထာဝရ ဘုရား သည် တ ရားသော အမှု ကိုပြုခြင်း ( ဆာလံ ၇း ၁၇ ) အ လွန်ကြီး မြတ်တော် မူခြင်း ( ဆာ လံ ၁၀၄း၁ ) ဂရု နာတော်နှင့် သ စ္စာတော် ခိုင်မြဲ ခြင်း ( ဆာလံ ၁၃၈း ၁- ၂ ) အံ့သြ ဖွယ်ကောင်း ၍ တန် ခိုးတော်ကြီး မားခြင်း ( ဆာလံ ၆၆း ၃ ) တို့ ကြောင့် ချီးမွမ်း ခံထိုက် ပါသည်။ သမ္မာ ကျမ်း တွင် အောက် ပါနည်း များဖြင့် ချီးမွမ်းကြ ကြောင်းတွေ့ ရပါ သည်။

က။ရှေးအခါ မှစ၍ သီချင်းများ ဆို၍ ဘုရား သခင်ကို ချီးမွမ်း ခဲ့ကြသည်။ (ဆာလံ ၉၅း ၁-၃ ) ဗိမာန်တော် တည်ဆောက် ပြီးသော အခါ     တူရိ ယာ များဖြင့် သီချင်း သည် များ ချီးမွမ်း သီဆိုကြ ပါသည်။ ( ၅ရာ ၁၅း ၁၆၊ ၂၂၊ ၆ရာ ၂၉း ၃၀ ၊ ဧဇရ ၃း ၁၁ )

ခ။တူရိ ယာ အမျိုး မျိုးဖြင့် ဘုရား သခင် ကို ချီးမွမ်း ပါ သည်။ ( ထွက် ၁၅း ၂၀- ၂၁ ၊ ဆာလံ ၉၂း ၁-၃ ၊ ဆာလံ ၁၄၄း ၉ )။

ဂ။လက် ကိုချီခြင်း ( ဆာလံ ၆၃း ၄ ) ၊ လက် ခုပ် တီးခြင်း၊ ကြွေး ကြော်ခြင်း (ဆာလံ ၄၇း ၁ ) အားဖြင့် ဘုရား သခင် ကို ချီး မွမ်းကြ သည်။

ဃ။ဣ သရေ လ လူမျိုးများ သည် က ခုန်ခြင်း ဖြင့် လည်း ဘုရား သခင် ကိုချီး မွမ်းကြ သည်။ ( ၂ရာ ၆း ၁၄- ၁၅ ၊ ဆာလံ ၁၄၉း ၃ ၊ ဆာလံ ၁၅၀း ၄ )။

င။ကနဦး အသင်းတော် တွင် ဓမ္မသီ ချင်းများ သီဆို ချီးမွမ်း ရန် တိုက် တွန်း အားပေး ပါသည်။ (ကော လောသဲ ၃း ၁၆ ) တူရိ ယာများ တီး မှုတ်၍ ချီးမွမ်း ရန်ညွှန်း ကြားခြင်း မရှိ ပါ ရှေးဦး ခရစ် ယာန်များ သီဆိုသော ဓမ္မသီချင်း အချို့ ကို ဓမ္မသစ် ကျမ်း တွင်တွေ့ရ ပါသည်။ ( ဖိ၂း ၅- ၁၁ ၊ ဗျာ ၅း ၉ ) ဂုဏ်တော် ချီးမွမ်း သော ခရစ် ယာန်များ သည် ဘု ရား သခင် ၏တန် ခိုးတော် ကို ခံစား ရပါ သည်။ (တမန် ၁၆း ၂၅- ၂၆)။

အချူပ် အားဖြင့် ကျေး ဇူးတော် ကို သိသော စိတ်ဖြင့် ဘုရား သ ခင် ကိုချီး မွမ်း ကြရ ပါ သည်။ အ ချိန် မရွေး နေရာ မရွေး ချီး မွမ်းနိုင် ပါသည်။

တင်ပြသူ-ဒေါက်တာစောစေးခူ                                                                                                                              

Post a Comment

Copyright © ခရစ်ယာန်တရားဟောချက်များ | Distributed by Blogger Templates | Designed by OddThemes