ယေရှုခရစ်နှင့် အ(၄)လုံး
(က) သခင်ယေရှု(၃)နှစ်ခန့် အမှုတော်ဆောင်နေစဉ်အားသာချက်ရှိသူများကို ချီးမွမ်းခဲ့ပါသည်။ ဗျာဒိတ်ကျမ်းတွင် ခရစ်တော် သည် အသင်းတော်များ၏အားသာချက်များ(Strengths) များကိုချီးကျူးခဲ့သည်(ဗျာ၂း၂-၃၊ ၁၂း၁၃)။
(ခ) လူတို့၏အားနည်းချက်များကို သခင်ယေရှုထောက်ပြကြောင်းခရစ်ဝင်ကျမ်းများ၌ တွေ့ရပါသည်(မာကု ၁၀း၂၁)။ ဗျာဒိတ်ကျမ်းတွင်အသင်းတော်များ၏ အားနည်းချက်များ(Weaknesses) ကိုဝေဖန်ထောက်ပြခဲ့ပါသည်။(ဗျာ၂း၎၊ ၃း၁၆)
(ဂ) သခင်ယေရှုသည်အလုပ်လုပ်ရန်အခွင့်အလမ်းများ(Opportunities) ကိုမြင်တတ်ပါသည်(ယော၉း၁-၄)။ တပည့်တော် များလည်းအမှုတော်ဆောင်ရန် အခွင့်အလမ်းများကိုမြင်တတ်ဖို့ကိုယ်တော် သွန်သင်ပါသည်(ယော၎း၃၅)။
(ဃ) သခင်ယေရှုကအသင်းတော်၏ ပြင်ပလောကတွင်အန္တရာယ်အတားအဆီးများ(Threats) ရှိကြောင်းပြောခဲ့ပါသည် (မဿဲ ၁၀း၁၆)။ ဝန်းကျင်ရှိအန္တရာယ်များကိုဆန်းစစ်၍ ကြိုတင်ပြင်ဆင်ရန်သွန်သင်ပါသည်(လုကာ ၁၄း၃၁-၃၂)။
အသင်းတော်တွင်းအခြေအနေ(S-W)
အသင်းတော်၏ပကတိအခြေအနေမှန်ကို ရိုးသားစွာအကဲဖြတ်ပါ။ အဖြစ်သဘောမျိုးဆန်းစစ်ခြင်းနှင့်အလွန်အကျူး ဝေဖန်ခြင်းကိုရှောင်ကြဉ်ပါ။ အသင်းတော်အတွင်းရှိအားသာချက်အရေအတွက်နှင့် အားနည်းချက်အရေအတွက်တို့ကိုမျှတ အောင်ကြိုးစား၍ဖော်ထုတ်ပါ။ အောက်ပါမေးခွန်းများကို အသုံးပြုနိုင်ပါသည်။
(၁)မည်သည့်လုပ်ငန်းများအောင်မြင်နေသနည်း။
(၂)မည်သည့်လုပ်ငန်းများအောင်မြင်မှုနည်းပါးသနည်း။
(၃) အသင်းတော်၏မည်သည့်အခန်းကဏ္ဌများသည် နိုးကြားရှင်သန်နေပါသနည်း။
(၄) မည်သည့်အခန်းကဏ္ဌများသည် အားနည်းသနည်း။
(၅) အပြင်လူတစ်ဦးသည်အခြားအသင်းတော်များနှင့် ကျွန်ုပ်တို့အသင်းတော်ကိုနှိုင်းယှဉ်လေ့လာပါက ထင်ရှားသောထူးခြားချက်များ(အကောင်း၊ အဆိုး) တွေ့နိုင်ပါသလား။
(၆) မည်သည့်အရင်းအမြစ်များကို ကျွန်ုပ်တို့ရနိုင်သနည်း။
(၇) ကျွန်ုပ်တို့၏လိုအပ်ချက်များနှင့် မည်သို့ဆက်စပ်နိုင်သနည်း။
အသင်းတော်ပြင်ပအခြေအနေ(O-T)
အသင်းတော်ပြင်ပရှိလူမှုရေး၊ စီးပွားရေး၊ ဘာသာရေးအခြေအနေများတွင် အသင်းတော်အတွက်အခွင့်အလမ်းများ (Opportunities)နှင့် အတားအဆီးများ(Threats)တို့တည်ရှိပါသည်။ အခွင့်အလမ်းများသည်အသင်းတော်ကိုကောင်းကျိုးပြု နိုင်ပြီး အန္တရာယ်အတားအဆီးများသည်အသင်းတော်၌ဆိုးကျိုးများ ဖြစ်စေရန်အလားအလာရှိပါသည်။ ပြင်ပအခြေအနေကို ဆန်းစစ်ရန်အောက်ပါမေးခွန်းများကိုအသုံးပြုနိုင်ပါသည်။
(၁)အသင်းတော်၏အရင်းအမြစ်များနှင့် အင်အားများကိုအသုံးပြုလျက်ပတ်ဝန်းကျင်လူထု၏ မည်သည့်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သနည်း။
(၂) ကျွန်ုပ်တို့၏ပတ်ဝန်းကျင်တွင် အသင်းတော်၏အနာဂါတ်ဘဝကိုလွှမ်းမိုးချယ်လှယ်နိုင်သော ပြောင်းလဲမှုများပေါ်ပေါက် နေပါသလား။
အ(၄)လုံး၏အကျိုးကျေးဇူး
ဤဆန်းစစ်နည်းဖြင့် အသင်းတော်၏ပကတိအခြေအနေကိုသာ ဖော်ပြနိုင်ပါသည်။ ပြဿနာဖြေရှင်းနည်းများကိုတစ် ပြိုင်တည်းမဖော်ထုတ်နိုင်ပါ။ တွေ့ရှိသောအချက်အလက်(၄)မျိုးအခြေခံ၍ ပိုမိုတိုးတက်သောအသင်းတော်ဖြစ်စေရန်လုပ်ငန်း စီမံချက်များကိုအောက်ပါရည်ရွယ်ချက်များဖြင့်ရေးဆွဲနိုင်ပါသည်။
(၁) အသင်းတော်၏အင်အားတိုးချဲ့ရန်(To build its Strengths)
(၂) အသင်းတော်၏အားနည်းချက်များကိုပြုပြင်ပြောင်းလဲရန်(To reverse its Weaknesses)
(၃) ဝန်းကျင်ရှိအခွင့်အလမ်းများကိုအသုံးချရန်(To maximize the response to its Opportunities)
(၄) ဝန်းကျင်ရှိအတားအဆီးများကိုအောင်မြင်စွာကျော်လွန်ရန်(To overcome its Threats)
တင်ပြသူ-ဒေါက်တာစောစေးခူ
Post a Comment