ရှိမုန် ပေ တ ရု သည် သ ခင်ယေ ရှု ၏ တ မန်တော် (၁၂) ပါး ထဲ မှ ထင် ရှားသော
တ မန်တော် ဖြစ် သည်။ ဤသြ၀ါဒ စာကို ပေ တ ရုရေး သည် ဟု (၁ပေ ၁း၁) တွင် တွေ့ရ ပါ သည်။
ရောမ ဧ က ရဇ် နီ ရိုး (အေ ဒီ ၅၄ -၆၈) သည် ခရစ် ယာန် များ ကို ညှင်း ပမ်းနေ ချိန် ၌
ပေ တ ရု သည် ဤ စာ ကို ဗာ ဗု လုန်မြို့ မှ ရေး သား ခဲ့ ပါ သည် (၁ပေ ၅း ၁၃)။ ဤ စာ ကို ရေး သား
ခြင်း၊ ဖြန့်ဝေခြင်း ပြုနိုင် ရန် သိ လွှာနု က ပေ တ ရု ကို ကူ ညီ ခဲ့ ပါ သည်။
ရှင်ပေ တ ရု က ညှင်း ပမ်း ခံ ရသော ခ ရစ် ယာန်
များ အား မျှော် လင့် ခြင်း၊ ၀မ်း မြောက် ခြင်း ဖြင့် ကြံ့ ကြံ့ ခံ ရင် ဆိုင် ရန်
တိုက် တွန်း အားေ ပးပြီး ခရစ် ယာန် အ သက် တာ တွင် လက် တွေ့ လိုက် နာ ရ မည့်
လမ်း ညွှန် ချက် များ ကို လည်း ဖော်ပြ ပါ သည်။ ထင် ရှား သော အကြောင်း အရာ များ ကို
အောက် ပါ အ တိုင်း ဖော် ပြ အပ် ပါ သည်-
(က) ဒုက္ခဝေဒနာ
(က) ဒုက္ခဝေဒနာ
ခရစ် ယာန် အသက် တာ တွင် အပြစ်ကြောင့် ခံရသော ဒုက္ခနှင့်
မာရ် နတ်နှောက် ယှက်ခြင်းကြောင့် ခံ ရသော ဒုက္ခ ဟူ ၍ နှစ် မျိုး ရှိ ပါ သည် (၁ပေ
၂း၁၉ -၂၀)။ ညှင်း ပမ်းခြင်းကြောင့် ခံ ရသော ဒုက္ခ ကို
မကြောက် ရန် အားပေး ပါ သည် (၁ပေ ၃း ၁၄)။ စုံ စမ်းခြင်း သည် ယုံ ကြည်ခြင်း ကို
ကြီး ထွားစေ ၍ ကောင်း ချီးမင်္ဂ လာ ကို ရ ရှိ မည် (၁ပေ ၁း ၆-၇)။ ခရစ်တော် သည်
ဤလော က တွင် ဒုက္ခခံခဲ့ ရသောကြောင့် ကိုယ်တော် ၏ ပုံ သက်သေ ကို ဆင်ခြင် ၍
ခွန် အား ယူရ ပါမည် (၁ပေ ၂း ၂၁- ၂၄)။
(ခ) မျှော်လင့်ခြင်း
သေခြင်း ကို အောင်မြင် ၍ ထမြောက် သောယေ ရှု ခ ရစ်တော် သည် ယုံကြည်သော သူတို့ အ တွက် မျှော် လင့်ခြင်း ဖြစ် သည်။ ခ ရစ်တော် သည် ဤလော က သို့ တ ဖန်ကြွ လာတော် မူ သည်ဖြစ် ၍ ယုံ ကြည် သူ တို့ ရရှိ မည့် အမွေတော် ကို မျှော် လင့်ကြ ရ မည် (၁ပေ ၁း ၁၃)။ ထိုမျှော် လင့်ခြင်း ဖြင့် ဆင်း ရဲ ဒုက္ခကို ရင် ဆိုင် ၍ ၀မ်းမြောက် ရွှင် လန်းကြ ရပါ မည် (၁ပေ ၄း ၁၃)။
(ဂ) သက်သေခံခြင်း
ရှိမုန်ပေ တရု သည် ညီဖြစ် သူ၏ သက်သေ ခံချက် ကို ကြား ရပြီး သ ခင်ယေ ရှု၏ တ ပည့်တော်ဖြစ် လာပါ သည် (ယော ဟန် ၁း ၄၂)။ ယုံကြည် သူများ သည် မင်း စည်း စိမ် ရှိသော ယဇ် ပုရော ဟိတ် များဖြစ် ၍ လော ကသား များ ကို သက်သေ ခံရ ပါ မည် (၁ပေ ၂း၉)။ မိမိမျှော် လင့်ခြင်း ကို သူ တစ်ပါး အား ပြောပြရန် အမြဲအ ဆင် သင့် ရှိ ရပါ မည် (၁ပေ ၃း၁၅)။
(ဃ) ခရစ်ယာန်အသက်တာ
ခရစ်ယာန် များသည် ဒုစရိုက် ကိုရှောင် ၍ နှုတ်က ပတ်တော် ၌ ကြီးပွား ရမည် (၁ပေ ၂း၁-၁၃)။ ဤ စာစောင် တွင် ကျွန်များ၊ ဇနီးမော င်နှံများ၊ လူကြီးများ၊ လူငယ် များ၊ သင်း အုပ် ဆရာများ မည်သို့ အသက် ရှင်ရ မည်ကို သွန် သင် ပါ သည်။ ခရစ် ယာန် များသည် သန့်ရှင်းခြင်း (၁ပေ ၁း၁၅-၁၆)၊ ချစ်ခြင်းမေတ္တာ (၁ပေ ၁း၂၂-၂၃)၊ နှိမ့် ချခြင်း (၁ပေ ၅း၆) တို့ ရှိကြ ရမည်။ မိမိ ၏ ဆုကျေး ဇူးများကို တပါး သူ အတွက် အ သုံးပြုသော ဘု ရားသ ခင်၏ ဘဏ္ဍာ စိုး များ ဖြစ်ကြ ရပါ မည်။
တင်ပြသူ-Dr. စောစေးခူ

Post a Comment