ပရောဖက်တို့၏ခေါင်းဆောင်မှု...

ပရောဖက်တို့၏ခေါင်းဆောင်မှု...

ဣ သ ရေ လ လူမျိုးများ၏ ဝိညာဉ် ရေးကို ခေါင်း ဆောင်သော သူ တို့ မှာ ယဇ် ပရော ဟိတ် များနှင့် ပရော ဖက် များဖြစ် ကြ ပါ သည်။ ပရော ဖက်ဖြစ် ရန် သီး သန့် အရည် အချင်း များ သတ် မှတ် ထားခြင်း မရှိပါ။ ဓမ္မဟောင်း ပရော ဖက် များ တွင် လယ် သမား၊ ယဇ် ပရော ဟိတ်၊ နွာကျောင်း သား စ သည် တို့ ပါဝင်ကြ ပါ သည်။ ပရော ဖက် များ တွင် အမျိုး သား များနှင့် အမျိုး သမီး များလည်း ပါ ဝင်ကြ ပါသည်။ 

လူမျိုးတော်၏ ဝိညာဉ်ရေးခိုင်ခံ့စေရန် ၊-

ပရောဖက်များသည် အောက်ပါအတိုင်းဦးဆောင်မှု ပြုကြပါသည်။
(က)ဘုရားသခင်ပြောခိုင်းသော သတင်းစကားကို လူတို့အားပြောရသည်။ (တရား ၁၈း၁၈) ၊ (ယောန ၃း၂)
(ခ)လူတို့ကို စောင့်ကြည့်၍ ကင်းစောင့်သကဲ့သို့ သတိပေးရသည်။ (ယေ ၆း၁၆-၁၇) ၊ (ယေဇ ၃း၁၆-၂၁)
(ဂ)ရှင်ဘုရင်တို့၏ အမှားကို ထောက်ပြရသည်။ (၂ရာ ၁၂း၁-၁၂) ၊ (၃ရာ ၁၈း ၁၈-၁၉)
(ဃ)လူတို့အား နောင်တရကြရန် ဖိတ်ခေါ်သည်။ (၄ရာ ၁၇း၁၃) ၊ (ယေ ၁၈း၁၁)
(င)လူတို့အဘို့ မျှော်လင့်ခြင်းပေးသည်။ (ယေ ၂၃း၃-၈) ၊ (အာ ၉း၁၁-၁၅)

မှန်သော ပရောဖက်သည် အောက်ပါလက္ခဏာ များရှိပါသည်။
(၁)ဘုရားသခင်ကို ကြောက်ရွံ့ရိုသေစွာ အသက်ရှင်သည်။ (ယေ ၂၃း၉-၁၈)
(၂)သူတို့ကြေငြာသော ဗျာဒိတ်ရူပါရုံသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် မဆန့်ကျင်ပါ။
(တရား ၁၃း၁-၃)၊(၃ရာ ၂၂း ၁၇-၂၈၊ ၃၇)
(၃)မိမိအသက်ကို ပဓာနမထားဘဲ ဟောပြောတတ်သောကြောင့် အန္တရာယ်နှင့် ရင်ဆိုင်ကြရသည်။(ယေ ၃၇း၁၅-၁၆) ၊ (၆ရာ ၁၈း ၂၅-၂၆)
(၄)ဘုရားသခင်၏ ကျွန်ဖြစ်၍ လောကီစည်းစိမ်ကို တက်မက်ခြင်း မရှိပါ။ (၄ရာ ၅း၁၅-၁၆)၊ (အာ ၃း၇)

 တင်ပြသူ-Dr. စောစေးခူ

Post a Comment

Copyright © ခရစ်ယာန်တရားဟောချက်များ | Distributed by Blogger Templates | Designed by OddThemes