သန့် ရှင်း သော ၀ိညာဉ် တော် ၏ ဆု ကျေး ဇူး များ ...

သန့် ရှင်း သော ၀ိညာဉ် တော် ၏ ဆု ကျေး ဇူး များ ...

သန့် ရှင်း သော ၀ိညာဉ် တော် သည် ယုံကြည် သူသား သမီး တိုင်း ကို ဆုကျေး ဇူး များ ပေး သနား ပါ သည်။ ယုံ ကြည် သူ များ ပါဝင် နေ သော အ သင်း တော် ကို ဆက် လက် ရှင် သန် စေ ရန် နှင့် ကြီး ပွား စေ ရန် ယင်း ဆု ကျေး ဇူး များ ကို ပေး သနား ခြင်း ဖြစ် ပါ သည်။ ဓမ္မ သစ် ကျမ်း တွင် ၀ိညာဉ် ဆု ကျေး ဇူးများ ကို (ရော မ ၁၂း ၆-၈၊ ၁ကော ၁၂း ၈- ၁၀၊ ဧ ဖက် ၄း ၁၁) တို့ တွင် ဖော် ပြထား ပါ သည်။




(က)   ဆုကျေးဇူး၏ရည်ရွယ်ချက်
          `ခရစ် တော် ၏ ကိုယ် တော် ကို တည် ဆောက် ၍ ဓမ္မ ဆရာ ၏အ မှု ကို ပြုတတ် မည့် အ ကြောင်း သန့် ရှင်း သူ တို့ ကို ပြင် ဆင်ခြင်း အ လို့ ငှာ။ (ဧ ဖက် ၄း ၁၁)´ ဤ သည် ကား  ၀ိညာဉ် ဆု ကျေးဇူး ရည် ရွယ် ချက် ဖြစ် သည် ဟု ပေါ လု ဖော်ပြ ထား သည်။ ကျွန်ုပ် တို့ အ ယောက် စီ တိုင်း ဘု ရား သ ခ င် သည် ဆောင် ရွက် ရန် တာ ၀န် အပ် နှင်း ထား ရာ ၀ိ ညာဉ် ဆု ကျေး ဇူးတန် ခိုး နှင့် တည် ဆောက် ခြင်း အ လုပ် ကို လုပ်ရ မည်။ ပျက် ကွက် လျှင် ခရစ် တော် ၏ တ ရား ပလ္လင် ၌ ဖြေ ရှင်း ပေး ရလိမ့် မည်။
          ဆု ကျေး ဇူး ၏ ဒုတိ ယရည် ရွယ် ချက် မှာ အ သင်း တော် စည်း လုံး ညီ ညွတ် ရေးဖြစ် သည်။ ကျွန်ုပ် ၌ မရှိ သော ဆု ကျေး ဇူး ကို သင် ရရှိ ထား သည်။ သင်၌ မရှိ သော ဆု ကျေး ဇူး သည် အခြား သူ ၌ရှိ သည်။ ထို့ ကြောင့် အ သင်း သူ/ အ သင်း သား များ သည် အ ပြန် အ လှန် မှီခို အ ကျိုးပြု ကြ သည်။ ဆု ကျေးဇူး မတူ သော သူများ သည် မနာ လို ခြင်း၊ ပြိုင် ဆိုင် ခြင်း မပြု ဘဲ တစ် လုံး တစ် ၀ တည်း ဖြစ် ရ ပါ မည် (ဧ ဖက် ၄း ၃-၇)။

(ခ) မိမိကိုယ်ကိုသိခြင်း
          သန့်ရှင်း သော ၀ိညာဉ် တော် သည် ယုံ ကြည် သူ တိုင်း ကို အ နည်း ဆုံး ဆု ကျေး ဇူး တစ် မျိုး ပေး ထား ပါ သည်။ လူ တစ် ယောက် တည်း အပေါ် သို့ ဆု ကျေး ဇူးအား လုံး ချမ ပေး ပါ။ ထို့အ တူ ၀ိညာဉ် ဆု ကျေးဇူး မရ သော သူ ဟူ ၍ မ ရှိ ပါ (၁ ကော ၁၂း ၁၄- ၂၁၊ ၂၈- ၃၀)။
          မိမိ၌ ရှိ သော ၀ိ ညာဉ် ဆု ကျေး ဇူး ကို အ ထူး ဂရု စိုက်ရ ပါ မည်။ မည် သည့် ဆု ကျေး ဇူး ရှိ သည် ကို မသိ ပါက ဘုရား သ ခင် ထံ ဆု တောင်း ရပါ မည်။ ဆု တောင်း လျှင် ဘုရား သခင် ဖော်ပြ ပါ မည်။ ထို အ ခါ မိမိ ရရှိ ထား သော ဆု ကျေး ဇူး ကို ဘုရား သခင် ၏ ဘုန်း တော် ထင် ရှား ရန် ထိ ရောက် စွာ အ သုံးပြု ရ ပါ မည်။ `ထို သို့ဖြစ် ၍၊ ငါ လက် တင် သော အား ဖြင့် သင် ဘု ရား သ ခင် ပေး တော် မူ သော ဆု ကို နှိုး ဆော် မည် အ ကြောင်း၊ ငါ သည် သင့် ကို သ တိ ပေး ၏။ (၂ တိ ၁း ၆)´

(ဂ) အလိုတော်ဝန်ခံခြင်း
          သန့် ရှင်း သော ၀ိညာဉ် တော် သညိ ယုံကြည် သူ အ သီး သီး တို့ အား မိမိ အ လိုရှိ သည့် အ တိုင်း ဆု ကျေး ဇူး များ ကို ခွဲ ဝေ ပေး ပါ သည်။ ‘ဤ အခွင့် ရှိသ မျှ တို့ ကို တ ပါး တည်း သော ၀ိညာဉ် တော် သည် ပြုပြင် ၍ လူ အသီး သီး တို့ အား  အသီး သီး ခံရ သော အခွင့် ကို အလို တော်ရှိ သည့် အ တိုင်း ဝေ ငှ၍ ပေး တော် မူ ၏။ (၁ ကော ၁၂း ၁၁)´

တင်ပြသူ-ဒေါက်တာစောစေးခူ

Post a Comment

Copyright © ခရစ်ယာန်တရားဟောချက်များ | Distributed by Blogger Templates | Designed by OddThemes