ကိုးကွယ်တတ်သောနှလုံးသား...
ကိုးကွယ်တတ်သောနှလုံးသား...
ခ ရစ် ယာန် များ သည် ထာဝရ ဘုရား ကို ကိုး ကွယ်ကြ သည်။ ဘုရား သခင် သည် ပုဂ္ဂိုလ်  (၃) ပါး ပါ ၀င်သော တစ် ဆူ တည်းသော ဘု ရားဖြစ် သည် (မဿဲ  ၂၈း ၁၉)။ ခရစ် ယာန် တို့ ၏ ကိုး ကွယ် မှု သည် အစ ၥလမ္ဘာ သာနှင့် ယုဒ ဘာ သာ တို့နှင့်ခြား နား ပါ သည်။ ဘု ရား သ ခင် ကို ခရစ် ယာန်များ ကိုး ကွယ်သော အခါ သန့် ရှင်းသော ၀ိညာဉ်တော် က ကူ ညီမ စပါ သည် (ယော ဟန် ၄း ၂၄၊ ဖိလိပ္ပိ ၃း ၃)
က။ အ ဘယ်ကြောင့် ကိုး ကွယ် ၀တ်ပြု သ နည်း။
ကျွန်ုပ် တို့ သည် ဘုရား သ ခင် ကို ကိုး ကွယ် ရ သည့် အကြောင်း အ ရင်း များ ကို  (ဗျာ ဒိတ် ၄ နှင့် ၅) တွင် တွေ့နိုင် ပါ သည်။
(၁) ဘုရား သခင် သည် အလွန် ကြီး မြတ် ၍ ဘုန်း တန် ခိုး တော်နှင့် ပြည့် စုံ သော ကြောင့် ကျွန်ုပ် တို့ကိုး ကွယ် ခြင်း ဖြစ် သည်။ Worship God Who he is. ယေရှု ခ ရစ်တော် ၏ ဘုန်း တော်နှင့် ဘုရား သခင်၏ ဘုန်း တော် (ဗျာ ၁း ၂- ၁၆၊ ၄း ၃-၆)  တို့ကို ဖော် ပြထား ပါ သည်။ ကိုယ် တော် သည် အ လွန် သန့်ရှင်း ၍ ကိုး ကွယ် ရန် ထိုက် တန်ပါ သည် (ဗျာ ၄း၈၊ ၁၁၊ ၅း၁၂)။ ထို့ကြောင့် ကိုး ကွယ် သူ တို့ သည် ကြောက် ရွံ့ ရိုသေကြည် ညိုဝပ် တွားကြ သည် (ဟေ ၆း၁-၈၊ တ ၉း၎၊ ဗျာ ၁း၁၇)။
(၂) ဘုရား သခင် သည် ကျွန်ုပ် တို့ကို ဖန် ဆင်းသော အ ရှင်ဖြစ်သော ကြောင့် ကျွန်ုပ် တို့ ကိုး ကွယ် ရ သည် (ဗျာ ၄း၁၁)။ We worship because we have no choice. ဆာလံ ဆရာ က ဖန် ဆင်း ရှင် ရှေ့တော် ၌ ပြပ် ၀ပ် ရန်နှင့် ဒူး ထောက် ရန် ဖိတ် ခေါ် ပါ သည် (ဆာလံ ၉၅း ၆- ၇)။
(၃) ဘုရား သ ခင် သည် ခရစ်တော် အားဖြင့် ကျွန်ုပ် တို့ ကို အပြစ် စီရင် ခြင်းမှ ကယ် တင် ခဲ့ သည် (ယော ၁း ၂၉)။ ထို့ကြောင့် ကယ် တင်ခြင်း ရသော သူများ သည် ကယ် တင်သော အရှင် ခရစ် တော် ကိုရွှင် လန်း ၀မ်း မြောက် စွာ ချီး မွမ်း ၀တ်ပြု ကြ ပါ သည် (ဗျာ ၅း ၉- ၁၀)။
ခ။  မည်သို့ ကိုးကွယ်ရသနည်း။ 
ကိုး ကွယ် ၀တ်ပြု ရာ တွင် ပုံ စံနှင့် ဘောင် ခတ် လို သူ များ ရှိသ ကဲ့ သို့ လွတ် လပ် စွာ ကိုး ကွယ် သ များ လည်း ရှိ ပါ သည်။ ခရစ် တော် ၏ နာ မ၌ စုဝေး သော အ ခါ တိုင်း ခ ရစ်တော် အ တူရှိ သည် ဟူသော က တိတော် ကို ယုံကြည် ၍ ကိုး ကွယ်ကြ ရ ပါ မည် (မဿဲ ၁  ၈း ၂၀)။ သမ္မာ ကျမ်း စာ ထဲ တွင် ၀တ်ပြု ကိုး ကွယ် နည်း အမျိုး မျိုး ကို ဖော်ပြ ထား ပါ သည်။
(၁)ယုဒတ ရားဇ ရပ်တွင် ကိုး ကွယ်သော ပုံစံ ကို ကနဦး ခရစ် ယာန်များ သည် လည်း ကျင့် သုံးခဲ့   ကြ သည် (လုကာ ၄း၁၆၊ ယာ ၂း၂)။ ကျမ်းစာ ကို ဖတ်ရွတ် ၍ အနက် ဖွင့်ဟောပြောခြင်း ကို အဓိ က ထားပါ သည်။
(၂)ရှေးခေတ် ဣ သရေ လလူ တို့ သည် ဗိမ္မာန်တော် တွင် ကိုး ကွယ်သော အခါ အ တုံ့အပြန် ရွတ် သော ပုံစံ ကို ကျင့် သုံးကြ သည် (ဆာ ၁၃၆)။ ဓမ္မသစ် ကျမ်းတွင် လည်း Liturgy ပုံစံ များကို လည်း    တွေ့ရပါသည် (ဧ ၅း၁၄၊ ဖိ ၂း၅-၁၁၊ ကော ၁း၁၅-၂၀)။
(၃)ဓမ္မ ၀တ် Sacrament များ ကို ဗဟိုပြုသော ၀တ်ပြုခြင်း ပုံစံ ကို တွေ့နိုင် ပါ သည်။ ဓမ္မ ဟောင်း ခေတ် တွင် ယဇ်ကောင် များ ကို ပူဇော် ခဲ့ကြ သည်။ ဓမ္မ သစ်ခေတ် တွင် ယေရှု ခရစ် ၏ ပွဲတော်        မင်္ဂလာ ကို စီ ရင် ၍ ကျင့် သုံးကြ သည် (တ ၂း၄၂၊ ၄၆၊ ၂၀း၇၊ ၁ကော ၁၁း၂၃-၃၄)။
(၄)လွတ် လပ် စွာ ကိုး ကွယ် နည်းများ ကိုလည်း ဓမ္မ သစ်ကျမ်း တွင် တွေ့ရ ပါ သည်။ ကိုး ကွယ် သူများ သည် ၀ိညာဉ် ဆုကျေး ဇူးများ ကို အ သုံးပြု ပြီး ဟော ပောာ ခြင်း၊ ဆုတောင်း ခြင်း၊ သီ ဆိုခြင်း များ   ပြုလုပ်ကြသည် (၁ကော ၁၂း၈-၁၂၊ တ ၁၁း၂၇-၂၈၊ တ ၂၁း ၈-၁၁)။
ဓမ္မဟောင်း ခေတ် တွင် ယဇ် ပုလ္လင်၊ တဲတော်၊  ဗိမာန် တော် စသ ည့် ၀တ်ပြု ရာ နေရာ များ     သတ် မှတ် ခဲ့ သည်။ ကိုး ကွယ် သူများ ၏ ၀တ်စား ဆင် ယင်မှု ကို လည်း သတ် မှတ်လေ့ ရှိ ပါ သည်။     ဓမ္မ သစ်ခေတ် တွင် ထို အရာ များ ထက် ကိုး ကွယ် သူ၏ စိတ်နှ လုံး ကို ပို၍  အလေး ထား ပါသည်     (ယော ဟန်  ၄း ၂၄)။
ဂ။မည်သို့သော စိတ်နှလုံးဖြင့် ကိုးကွယ်မည်နည်း။ 
ကိုး ကွယ် သူ အချို့ သည် မှား ယွင်းသော စိတ် သဘော ဖြင့် ဘု ရား သ ခင် ကို ကိုး ကွယ် ကြ သည် (မဿဲ  ၁  ၅း ၇ -၉)။ ဘုရား သခင်နှစ် သက်သော စိတ်နှ လုံးဖြင့် ကိုး ကွယ် ရပါ မည်။
          (၁) သ၀န်တိုသော ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ချစ်ရမည် (တရား ၆း ၅)။
          (၂) ကြောက်ရွံ့သောစိတ်၊ နှိမ့်ချသောစိတ်ရှိရမည် (ဗျာ ၁း၁၇)။
          (၃) ၀မ်းမြောက်ရွှင်လန်းစွာ ၀တ်ပြုရမည် (ဆာလံ ၁၀၀း၁-၃)။
          (၄) ချည်နှောင်ခြင်းမရှိဘဲ အချင်းချင်းခွင့်လွှတ်ရမည် (မဿဲ       ၅း ၂၂- ၂၄)၊ ၁၈း ၂၀)။
          (၅) ကျေးဇူးသိသော စိတ်နှလုံးရှိရမည် (ဟေဗြဲ ၁၂း၂၈)။
          (၆) ကိုယ့်ကိုကိုယ်ဆန်းစစ်၍ ပြုပြင်လိုစိတ် ရှိရမည် (၁ကော ၁၁း၃၁)။
          (၇) နှုတ်ကပတ်တော်ကို ဆာငတ်၍ နာခံလိုသောစိတ်ရှိရမည် (လုကာ ၄း၎၊ ၁ပေ ၂း၂)
ဃ။မည်သည့်အရာများ ပါဝင်သနည်း။
(၁) ဂုဏ်တော်ချီးမွမ်းခြင်း (Praise)
ဘု ရား သ ခင် သည် မည် သို့သော ပုဂ္ဂိုလ် ဖြစ်ကြောင်း ဖော် ထုတ် ၍ ချီးမွမ်း ဂုဏ်ပြု ခြင်းဖြစ် သည်။ ဘု ရား သခင် ၏ ဂုဏ်တော် များ သည် အံ့မ ခန်း ဖွယ်ဖြစ် သည်။ ကြွေး ကြော်ခြင်း (ဆာ ၄၇း ၁)၊ သီ ချင်း   ဆိုခြင်း (ဆာ လံ ၃၃း ၁- ၃)၊ တူ ရိယာ တီး မှုတ်ခြင်း (ဆာလံ ၁၅၀) တို့ ပါဝင် ပါ သည်။
(၂) ကျေးဇူးတော်ချီးမွမ်းခြင်း (Thanks giving)
ဘုရား သ ခင်ထံ မှ မိမိ ခံစား ရရှိသော အကူ အညီ အထောက် အပံ့ များ အ တွက် ကျေး ဇူးတုံ့ ပြန်ခြင်းဖြစ် သည်။ ဘု ရား သခင် ၏ ကာ ကွယ်ခြင်း၊ ကယ် လွှတ်ခြင်း၊ ကျွေး မွေးခြင်း၊ ကု သခြင်း၊ ကွပ် ကဲ    လမ်းပြခြင်း တို့ကို ချီး မွမ်းနိုင် ပါသည်။ စ ကားဖြင့် ချီး မွမ်းခြင်း မျှသာ မက ဘဲ ယဇ်ကောင်၊ သီးနှံ ၊ငွေ အ သပြာ များ ကို ပူဇော် ဆက် သခြင်းဖြင့် ကျေးဇူး တုံ့ပြန် ရပါ သည် (ဆာလံ ၁၀၇း၂၁-၂၂၊    ၁ကော ၁၆း၁-၂)။
(၃) ၀န်ချတောင်းပန်ခြင်း (Confession)
ဣသရေ လ လူမျိုး တို့ သည် အ၀ တ်ကြမ်း ၀တ်ခြင်း၊ အ ၀တ် ကို စုတ်ဖြဲခြင်း၊ ပြာ လူးခြင်း တို့ဖြင့် မိ မိဒု စရိုက် ကို နောင် တ ရကြောင်း ဖော်ပြလေ့ ရှိပါ သည် (၂ရာ ၁၂း ၁၆၊ ယော လ ၂း ၁၃၊ မဿဲ     ၁၁း ၂၁)။ ကိုး ကွယ် သူ များ သည် ဘုရား သခင်ရှေ့ တွင် မိမိ တို့အပြစ် များ ကို ၀န် ချတောင်း ပန်ရ သည်။ ဓမ္မဟောင်း ခေတ် တွင် ပရိ သတ် ကိုယ် စား ယဇ် ပုရော ဟိတ် က တောင်း ပန်ပေး သည်။ ခ ရစ် ယာန် များ သည် ဘုရား သခင် ထံ မိမိ အပြစ် ကို တိုက် ရိုက် တောင်း ပန် ခွင့်ရှိ ပါ သည် (၁ယော ၁း ၉၊ ဟေဗြဲ ၄း ၁၆)။
(၄) ဆုတောင်းလျှောက်ခြင်း (Prayer)
ယုံကြည် သူများ သည် ဦးချပြပ် ၀ပ်ခြင်း (ဆာလံ ၉၅း ၆)၊ ဒူး ထောက်ခြင်း (လု ၂၂း ၄၁)၊     လက် မြှောက်ခြင်း (၆ရာ ၆း ၁၃) တို့ဖြင့် ဆုတောင်းကြ ပါ သည်။ ဘုရား သ ခင်ထံ မှ မိမိ အ တွက်          လည်း ကောင်း၊ သူ တစ်ပါး အ တွက် လည်း ကောင်း တောင်း လျှောက် နိုင်ပါ သည်။
(၅)နှုတ်ကပတ်တော်ခံယူခြင်း (The Word of God)
သမ္မာ ကျမ်း စာ ထဲ တွင် ဘုရား သ ခင် ၏ နှုတ် က ပတ်တော် ရှိပါ သည်။ ဘုရား သ ခင် ၏ အမှု တော် ဆောင် များ သည် ကျမ်း စာကို ဖတ်ကြားခြင်း၊ အ နက် ဖွင့်ခြင်း၊ ဟော ပြောခြင်း များပြု သော အ ခါ ကိုး ကွယ် ၀တ်ပြု သူများ သည် ဘု ရား သခင် ၏ နှုတ် ကပတ် တော် ကို ကြား သိရ ပါ သည် (၂တိ ၄း၂)။
ဘုရား သခင် ထံမှ သ တိပေး စကား၊ အားပေး စကားနှင့် လမ်း ညွှန် ချက် များ ကြား သိ ရပါ သည်။
(၆) ဆက်ကပ်အပ်နှံခြင်း (Consecration)
ကိုးကွယ် သူများ သည် ဘုရား သခင် ၏စ ကားတော် ကို ကြား သိ ရသော အခါ ဆက် ကပ် အပ်နှံ ခြင်းဖြင့် တုံ့ ပြန်ကြ ရပါ သည် (ဟေ ၆း ၇ -၈)။ ဆက် ကပ် အပ်နှံ မှုမ ရှိ လျှင် စစ် မှန်သော ကိုး ကွယ်ခြင်း     မဟုတ် ပါ (အာ မုတ် ၅း ၂၁- ၂၄)။ ဘုရား သခင် ထံ မိမိ ကိုယ် ကို အပ်နှံသော သူ သ ည် လော ကထဲ တွင်   ဘု ရား သ ခင် အ လိုတော် အ တိုင်း အ သက် ရှင်သော သူ ဖြစ် လာ ပါ သည် (ရော ၆း ၁၃)။
တင်ပြသူ-ဒေါက်တာစောစေးခူ
Post a Comment
Copyright © ခရစ်ယာန်တရားဟောချက်များ | Distributed by Blogger Templates | Designed by OddThemes