"မမေ့ပါနှင့်''

"မမေ့ပါနှင့်''

လူ တို့ သည် မွေးနေ့ရောက် လျှင်ပျော် ကြ သည်။ နှစ် သစ် ကူးလျှင် လဲ ပျော် တတ် ပါ သည်။ ထို အချိန် တွင် လွန် ခဲ့သော အ တိတ် ကို မေ့ လိုက် ပါ။ အနာ ဂါတ် ကို မျှော် ကြည့် ပါဟု အားပေး သံ များ ကြား ရလေ့ရှိ ပါ သည်။ အ တိတ်ဟောင်း ကို မေ့ သင့် ပါ သ လား ဟု မေး လို ပါ သည်။ သမ္မာ ကျမ်း စာ တွင် မေ့ ပစ် ရ မည့် အ ရာနှင့် မမေ့ ရ မည့် အရာ ကို ပိုင်း ခြား ဖော်ပြ ထား ပါ သည်။ (ဖိ ၃း ၁၃- ၁၄) တွင် နောက် ကျသော အရာ တို့ကို မ မှတ် ပဲ ရှေ့ ရှိသော အ ရာ တို့ ကို လှမ်း ကမ်း ၍ ဟု ဆို ပါ သည်။ ရှင်ပေါ လု၏ အ တိတ် သည် ဆိုး ညစ် မှု များနှင့် ပြည့်နေ ပါ သည်။ ထို့ကြောင့် သူ၏ အတိတ် ကို မေ့ပစ် ဖို့လို ပါ သည်။ မိတ်ဆွေ ၏ အတိတ် ကာ လတွင် ရှိ ခဲ့သော ဆုံး ရှုံးမှု၊ ၀မ်း နည်းမှု၊ နာကျည်း မှုများကို မေ့ လိုက် ပါ။ မမေ့နိုင်လျှင် အနာ ဂတ်သို့ တက် လှမ်းရန် နှောင့်နှေး ပါလိမ့် မည်။ သို့ရာ တွင် အတိတ် တွင် ခံစားခဲ့ ရသော ဘုရား သခင်၏ ကျေး ဇူးတော် များကို မမေ့ အပ်ပါ။ “အို ငါ့ ၀ိညာဉ် ထာ ၀ရဘု ရားကို ကောင်း ချီးပေးလော့၊ ကျေး ဇူးတော် အပေါင်း ကို မမေ့ လျော့နှင့်။ (ဆာလံ ၁၀၃း၂)"

ကျေးဇူးတော် ကို မေ့လျော့ လျှင် သင့်ဘ ၀တွင် အမင်္ဂ လာဖြစ် ပါလိမ့် မည်။ မင်္ဂလာ ရှိသော သူဖြစ်လို ပါက ကျေး ဇူးတော် ကို မမေ့ ပဲ အစဉ် ချီး မွမ်း ရ ပါမည်။ ကျေး ဇူးတော် ကို မေ့သော သူ သည် ဘုရား သခင် ကို အပြစ် တင် ၍ ဆန့်ကျင် တတ် ပါသည်။ ရှေးခေတ် သရေ လ လူမျိုး များ ကို ဘု ရား သခင် သည် ကျွန်ဘ ၀မှ ကယ် တင်၍ ခါနန်ပြည် သို့ ပို့ဆောင် ခဲ့ပါ သည်။ ဘုရား သခင် သည် အံ့သြ ဘွယ် တန်ခိုး များ ကို ပြ ပြီး သူ တို့ကို မောရှေ အားဖြင့် ခေါ်ဆောင် ခဲ့သော် လည်း သိန တော ထဲ တွင် ပြဿနာ များတွေ့ ရသော အခါ ကျေး ဇူးတော် ကို မေ့လျော့ ပြီး ဘုရား သခင် ကို ဆန့်ကျင်ကြ ပါ သည် (ဆာလံ ၇၈း ၁၁)။ သင် တောင်း သော ဆုကို ချက်ခြင်း မရ လျှင် ဘု ရား သ ခင် ကို အပြစ် မတင် ပါနှင့်။ အတိတ် က သင့် အပေါ်ကောင်း ခဲ့သော ဘုရား သခင် သည် သင့် ကို ကျေး ဇူးပြု ပါဦး မည်။

ခါ နန်ပြည် သို့ ၀င်ခါ နီးတွင် မောရှေ သည် လူမျိုး တော် ကို သတိပေး ရ သည်။ ထိုပြည် တွင် စိုက် ပျိုးရေး၊ မွေး မြူရေး အောင် မြင် ပြီး စီးပွား တက် လာသော အခါ “ငါ့ တန် ခိုး၊ ငါ့ လက် သတ္တိ အားဖြင့် ဤစည်း စိမ် ကို ငါ ရ တတ် သည် ဟု စိတ် ထဲမှာ အောက် မေ့ခြင်း အပြစ် ကို သ တိနှင့် ကြဉ် ရှောင် လော့ ဟု ဆုံး မခဲ့ ပါသည် (တရား ၈း ၁၇)။

ယနေ့ ကျွန်ုပ် တို့ လည်း စီးပွား ရေး၊ လူ မှုရေး၊ ပညာ ရေး အောင်မြင် သော အခါ ငါတော် လို့၊ ငါကြိုး စား လို့၊ ငါအ ပင်ပန်း ခံလို့ဟု မာန စိတ်ဝင် လာပြီး ကျေး ဇူးတော် ကို မေ့ တတ် သော ကြောင့် သတိပြု ရပါ မည်။

အရေး ကြီးဆုံး အချက် မှာ ခရစ် တော် အားဖြင့် ရသော အပြစ် လွှတ်ခြင်း ကျေး ဇူးတော် ကို မမေ့ အပ်ပါ (၂ပေ ၁း၉)။ ကယ် တင်ခြင်း ကျေးဇူး ကို မေ့လျော့ လျှင် အပြစ် ဒုစရိုက် များ ကို ရဲရင့် စွာပြု တတ်ပါ သည်။ ထိုလူ များ သည် အန် ဖတ်ကို ပြန် စား သောခွေး၊ ရွှံ့ထဲ သော ပြန် သွား သော ၀က်နှင့် တူ ပါ သည် (၂ပေ ၂း ၂၂)။ ပွဲတော် မင်္ဂ လာ ယူသော အခါ ခါ တိုင်း အပြစ် လွှတ်ခြင်း ကျေးဇူး တော် ကို သတိ ရပြီး ခရစ် ယာန် အသက် တာ ကို ပြန် လည် ခွန် အား ဖြည့် ရပါ သည်။ ကျေးဇူး တော် ကို မေ့သော သူ သည် ခရစ် တော်၏ နာမ တော် ကို ထိ ခိုက်စေ သောသူ ဖြစ် လာပါ သည်။ အချုပ် ဆိုရ လျှင် အ ကျွန်ုပ် တို့ သည် ယခု ဘ၀ အတွက် ကျေးဇူး တော် အမျိုး မျိုး ကို ထာဝ ရဘု ရား ထံမှ ရရှိပါ သည်။ နောင်ဘ ၀အတွက် လည်း အပြစ် လွှတ် ခြင်းနှင့် ကယ် တင်ခြင်း ကျေး ဇူးတော် ကို ယေ ရှုခ ရစ်အား ဖြင့် ရရှိပါ သည်။ ကျေး ဇူးတော် ကို မမေ့ ပဲ ကျေးဇူး သိသော သား သမီး များ အဖြစ် အစဉ် အသက် ရှင်ကြ ပါစို့။

“ပြော၍ မကု န်နိုင်သော ဘုရား သခင် ၏ ဆုကျေး ဇူးတော် ကို အောက် မေ့၍ ချီး မွမ်း ခြင်း ရှိစေ သ တည်း။ (၂ကော ၉း ၁၅)”

တင်ပြသူ-ဒေါက်တာစောစေးခူ

Post a Comment

Copyright © ခရစ်ယာန်တရားဟောချက်များ | Distributed by Blogger Templates | Designed by OddThemes