“သိုးထိန်း”

“သိုးထိန်း”

သမ္မာ ကျမ်း စာ တွင် ဘု ရား သ ခင် ကို လည်း ကောင်း၊ တိုင်း ပြည် ခေါင်း ဆောင် များ ကို လည်း ကောင်း၊ ဘာ သာ ရေး ခေါင်း ဆောင် များ ကို လည်း ကောင်း သိုး ထိန်း ဟု ခေါ် ဝေါ် သုံး နှုန်း ကြောင်း တွေ့ ရ ပါ သည်။ ကျမ်း စာ မှ သိုး ထိန်း များ အ ကြောင်း ကို လေ့ လာ ခြင်း ဖြင့် ခေါင်း ဆောင် ကောင်း ၏ အ ရည် အချင်း များ ကို ဖော် ထုတ်နိုင် ပါ သည်။
(က) ဘုရားသခင်
ထာဝရ ဘုရား ကို သိုး ထိန်းနှင့် ပုံနှိုင်းဖော်ပြ ပါ သည် (ဆာလံ ၉၅း ၇)။ ယေ ရှုခ ရစ်တော် သည် ကောင်း သော သိုး ထိန်းဖြစ် သည် (ယော ဟန် ၁၀း၁၁၊ ဟေဗြဲ ၁၃း ၂၀)။
( ခ) တိုင်းပြည်ခေါင်းဆောင်များ
ဓမ္မဟောင်း ကျမ်းတွင် ကောင်းသော ဘုရင် များကို သိုးထိန်း ဟုခေါ်ဝေါ် ပါသည် (တော ၂၇း၁၅-၁၈၊ ၂ရာ ၅း၁-၃၊ ဟေ ရှာယ ၄၄း၂၈)။ ကိုယ်ကျိုး ရှာသော အစိုးရ မင်းများ သည် ဆိုးသော သိုးထိန်း များ ဖြစ်ကြသည် (ယေဇကျေလ ၃၄း၂-၆)။
( ဂ) ၀ိညာဉ်ရေးခေါင်းဆောင်များ
ဓမ္မဟောင်း ကျမ်းတွင် ယဇ်ပုရော ဟိတ် ပရော ဖက်များ ကိုလည်း သိုးထိန်း များဟု ခေါ်ဝေါ် ပါသည်။ ကိုယ်ကျိုး ရှာသော ဘာသာရေး ခေါင်းဆောင် များအကြောင်း ကို (ဟေရှာ ယ ၅၆း ၁၀-၁၁၊ ဇာ ခရိ ၁၀း ၂-၃) တို့ တွင် တွေ့ ရသည်။
ဓမ္မသစ်ကျမ်း တွင်ယေရှုခ ရစ်တော် သည် သိုးထိန်း ကြီးဖြစ်ပြီး ခရစ် ယာန်များ သည် သိုးများ ဖြစ်ကြ သည် (၁ပေ ၅း၎)။ သင်းအုပ် များ သည် သိုး ထိန်းကြီး ပိုင်သော သိုးများကို ကြည့်ရှု စောင့်ရှောက် ရသည့် သိုးထိန်း ငယ်များ ဖြစ် ပါ သည် (ယောဟန် ၂၁း ၁၅-၁၇)။ ကောင်းသော သိုးထိန်း ၏အရည် အချင်း များ ကို (ယောဟန် ၂၁း၁၅-၂၇၊ တမန် ၂၀း၂၈-၃၁၊ ၁ပေ ၅း၂-၃) တို့တွင် တွေ့ရပါသည်။
(၁) သိုးများကို ၀ိညာဉ်အစာကျွေးသည်။ (ယောဟန် ၂၁း၁၇၊ ဟေဗြဲ ၁၃း၇)
(၂) မှားယွင်းစေသောဆရာများကို တားဆီးရသည်။ (တမန် ၂၀း၂၈-၃၁)
(၃) ငွေကြေးဥစ္စာမတက်မက်ဘဲ စေတနာနှင့် လုပ်ဆောင်သည်။ (၁ပေ ၅း၂)
(၄) ကောင်းသောပုံသက်သေဖြင့် ဦးဆောင်သည်။(၁ပေ ၅း၃)

ခရစ်တော်၏ သိုးများကို ကြိုးစား၍ ထိန်းကျောင်းသော သိုးထိန်း များ သည် ပင်ပန်း ဆင်းရဲခြင်း များ ကို တွေ့ကြုံ ရပါမည်။ စာတန် ၏နှောင့်ယှက်မှု၊ လောက၏ ဖိစီးမှု၊ တောခွေး များ၏ ရန်မူခြင်း တို့ကို တွေ့ ကြုံကြ ရပါ မည်။ သို့ရာတွင် ယေရှု ခရစ်တော်ရှေ့တော် သို့ ရောက်သော အခါ ဘုန်း ကြီးသော ပန်းဦး ရစ် သရဖူ ကို ထာ ၀ရဆု လာဘ် အဖြစ်ရ ရှိပေ လိမ့်မည်။
တင်ပြသူ-ဒေါက်တာစောစေးခူ

1 comment :

  1. CASINO - 1609 Hwy, Phoenix, AZ 85139 - Mapyro
    A map showing casinos and 제주도 출장마사지 other gaming facilities located near CASINO 수원 출장샵 - 과천 출장마사지 1609 Hwy 광명 출장마사지 in Phoenix, AZ 안성 출장안마 85139.

    ReplyDelete

Copyright © ခရစ်ယာန်တရားဟောချက်များ | Distributed by Blogger Templates | Designed by OddThemes