“မျှတညီညွတ်သော ခရစ်ယာန် အသက်တာ”

“မျှတညီညွတ်သော ခရစ်ယာန် အသက်တာ”


အဓိကကျမ်းချက်။
“လူ အ ပေါင်း တို့သည် ကယ် တင် ခြင်း သို့ ရောက် ၍ သမ္မာ တ ရား ကို သိစေ ခြင်း ငှာ ဘု ရား သခင် အ လို တော် ရှိ၏။  (၁တိ ၂း၎)”
         
သမ္မာ တရားကို သိသော ခရစ်ယာန် သည် အစွန်းမ ရောက်ပါ။ ယနေ့ ကမ္ဘာပေါ် တွင် ဘာ သာရေး အ စွန်း ရောက် သူများ ကြောင့် ပြဿနာ များစွာ ပေါ်ပေါက်နေ ပါသည်။ အစွန်းရောက်သော ခရစ်ယာန်များ သည် သမ္မာကျမ်း စာကို ယုံကြည်သော အသင်းတော် များကို ခြိမ်းခြောက် လျက်ရှိပါ သည်။ အစွန်းနှစ် ဖက်ကို ရှောင်၍ သမ္မာတရား အတိုင်း ကျွန်ုပ်တို့ အသက် ရှင်ရ ပါမည် (ယောရှု ၁း၇)။

(က) ခရစ်ယာန်တို့၏ တာဝန်
ခရစ်တော်၏ အစေကို ခံလျှင် လူများနှင့် လောကီ ကိစ္စများကို လျစ်လျူရှု ရမည်ဟု သွန်သင်သော အစွန်းရောက်များ ရှိပါ သည်။ ယုံကြည်သူ များသည် ဘုရားသခင် ထံတာဝန်ကျေ သကဲ့သို့ စပ်ဆိုင်သော လူသားများ ကိုလည်း တာဝန်ကျေပွန် ရပါမည် (မဿဲ  ၂၂း၂၁၊ ၁တိ ၅း၈)။ ခရစ်တော် ၏ သွန်သင်ချက်သည် အစွန်း မရောက်ပါ။

( ခ) ကျန်းမာရေး
ဖျားနာလျှင် ဘုရားသခင်ကို ဆုတောင်းပြီး ဆေးကုသရန်မလိုဟု ဟောပြောသော အစွန်းရောက် သူများ ရှိပါသည်။ ဘုရား သခင် ပေးသော ဥာဏ်ဖြင့် ဖော်ထုတ် ထားသော ဆေးကို သုံးစွဲသော ကြောင့် ဆုတောင်း ရန်မလိုဟု ဆိုသော သူများ လည်း ရှိပါသည်။ (ယာကုပ် ၅း၁၄)တွင် ဆေးကုသပြီး ဆုတောင်း ရန် လမ်းညွှန် ပါသည်။

( ဂ) ကိုးကွယ်ဝတ်ပြုခြင်း
သခင်ယေရှုက “ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည် နံဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ( In spirit and in truth)၊ ကိုးကွယ်ရမည်ဟု မိန့်တော် မူ၏။ (ယော ဟန် ၄း၂၄)” အချို့သော ခရစ်ယာန်များသည် ကိုးကွယ် သောအ ချိန်တွင် ၀ိညာဉ် တန်ခိုးရဖို့သာ လို လားပြီး သမ္မာတရား အတိုင်းကိုး ကွယ်ရန် မေ့လျော့ တတ်ကြပါသည်။ စိတ်ခံစား ချက် ကို ရှေ့ တန်းတင် သောကြောင့် ကိုးကွယ် ၀တ်ပြုပုံမှာ ပရမ်းပတာ ဖြစ်တတ် ပါသည်။ ဘုရားသ ခင်သည် ပရမ်းပတာ ကိုးကွယ်ခြင်း ကို မနှစ်သက် သောကြောင့် အစီအစဉ် တကျ ၀တ်ပြုရန် လိုအပ် ပါသည် (၁ကော ၁၄း၃၃၊ ၄၀)။ ကိုးကွယ် သူ သည် အသိ ဥာဏ်နှင့် စိတ်နှ လုံးကို မျှတစွာ သုံးရပါမည် (၁ကော ၁၄း၁၅)။

(ဃ) အနာဂတ်အတွက် ပြင်ဆင်ခြင်း
မိမိ၏ အနာဂတ် ပန်းတိုင်ရောက် ရှိရန် ဘုရား သခင်ကို ယုံကြည် ကိုးစား၍ လုပ်ဆောင် လျှင် အောင်မြင် မည်ဟု (ဆာလံ ၃၇း၅) ကို ရည် ညွှန်း၍ ဟောပြော သောသူများ ရှိပါသည်။ လွဲမှားစွာ ခံယူကျင့် သုံးလျှင် ဆုံးရှူံး မှုများ ဖြစ်နိုင် ပါသည်။ သခင်ယေ ရှုက အနာဂတ် ရည်မှန်း ချက်များ ချမှတ် ရာတွင် ကြိုတင် ချင့်ချိန်ရန် သွန်သင် ပါသည် (လုကာ ၁၄း၂၈-၃၁)။
         
ယုံကြည်သူ များသည် သမ္မာ တရား အတိုင်း မျှတညီ ညွတ်စွာ အသက် ရှင်လိုပါက-
(၁) သမ္မာကျမ်း စာကို စနစ်တကျ လေ့လာရမည်။ (တမန် ၁၇း၁၁)
(၂) အချင်းချင်း တို့ကို သတိပေး ရပါမည်။ (၁သက် ၅း ၁၂-၁၄)

တင်ပြသူ- ဒေါက်တာစောစေးခူ

Post a Comment

Copyright © ခရစ်ယာန်တရားဟောချက်များ | Distributed by Blogger Templates | Designed by OddThemes