အံ့သြဖွယ်ယေရှု...

အံ့သြဖွယ်ယေရှု...

လူ့ လော က သို့ ကယ် တင် ရှင် ကြွ လာ မည့် အ ကြောင်း ကို ပ ရော ဖက် ဟေ ရှာ ယ က ကြို တင် ဟော ပြော ခဲ့ ပါ သည်။ ထို ကယ် တင် ရှင် ၏ ဘွဲ့ နာ မ များ ကို လည်း ကြို တင် ဖော် ပြ ခဲ့ ပါ သည်။ ဗက် လင် မြို့ သည် သ ခင် ယေ ရှု ဖွား မြင် လာ သော အ ခါ ဟေ ရှာ ယ ထံ မှ ဗျာ ဒိတ် တော် သည် ပြည့် စုံ လာ ပါ သည်။ အ ကြောင်း မူ ကား၊ ငါ တို့ အ ဘို့ သူ ငယ် ကို ဘွား မြင် ၏။ ငါ တို့ အား သား ကို သ နား တော် မူ ၏။ ထို သူ သည် အုပ် စိုး ခြင်း အာ ဏာ စက် ရှိ လိမ့် မည်။ နာ မ တော် မူ ကား အံ့ သြ ဘွယ်၊ တိုင် ပင် ဘက်၊ တန် ခိုး ကြီး သော ဘု ရား သ ခင်၊ ထာ ဝ ရ အ ဘ၊ ငြိမ် သက် ခြင်း အ ရှင် ဟု ခေါ် ဝေါ် သ မုတ် ခြင်း ကို ခံ တော် မူ လိမ့် မည်။”  (ဟေ ရှာ ယ ၉း ၆ )

ယေ ရှု ခ ရစ် တော် သည် အံ့ သြ ဖွယ် ဖြစ် ပါ သည်။ အံ့ သြ ခြင်း ဆို သည် မှာ ဖြစ် ရိုး ဖြစ် စဉ် မှ ကွဲ လွဲ သွား မှ သာ ဖြစ် ပေါ် လာ ပါ သည်။ မ ဖြစ် ဘူး သော အ ရာ မ ကြုံ ဘူး သော အ ရာ ကို ကြုံ ရ လျှင် အံ့ သြ ဖွယ် ဖြစ် ပါ သည်။ သူ ငယ် တော် ယေ ရှု ဖွား မြင် သော အ ခါ ကောင်း ကင် တ မန် များ ထံ မှ သ တင်း ကောင်း ကို သိ ရ သော ကြောင့် သိုး ထိန်း များ ရောက် လာ ပြီး ဖူး မြှော် ကြ ပါ သည်။ သိုး ထိန်း များ သည် အံ့ သြ ကြ ပါ သည်။ (လု ကာ ၂း ၂ဝ ) ဖွား မြင် ခြင်း သ တင်း ကို သိုး ထိန်း များ ပြော ပြ သော အ ခါ ကြား ရ သူ တိုင်း အံ့ သြ ကြ ပါ သည်။ (လုကာ ၂း ၁၈ ) အ မြင့် ဆုံး သော ဘု ရား ၏ သား တော်  သည် လူ များ ထင် မှတ် သ ကဲ့ သို့  ဘု ရင့် မိ သား စု ၊ သူ ဌေး သူ ကြွယ် မိ သား စု တွင် မ မွေး လာ ဘဲ ကျေး တော သူ တစ် ယောက် ထံ မှ ဘွား မြင် ပြီး နွား စား ခွက်  တွင် အိပ် နေ ခြင်း မှာ အံ့ သြ ဖွယ် ဖြစ် ပါ သည်။ အံ့ သြ လောက် အောင် နှိမ့် ချ သော ကယ် တင် ရှင် ဖြစ် ပါ သည်။ ယ နေ့ သင် သည် ကိုယ် တော် ကဲ့ သို့ နှိမ့် ချ သော စိတ် ရှိ ပါ သ လား ဟု မိ မိ ကိုယ် ကို ဆန်း စစ် သင့် ပါ သည် ။ 

သ ခင် ယေ ရှု အ မှု တော် ဆောင် သော အ ခါ နတ် ဆိုး များ ကို နှင် ထုတ် သည် ။ လေ မုန် တိုင်း ကို ငြိမ်း စေ သည်။ သေ သော သူ ကို ပင် ရှုင် စေ ပါ သည်။ အံ့ သြ ဖွယ် တန် ခိုး တော် ဖြင့် ကိုယ် တော် သည် သင့် ကို မ စ နိုင် ပါ သည်။ ( လု ကာ ၁၃း ၁၇ ) 

သ ခင် ယေ ရှု ၏ သွန် သင် ချက် သည် အံ့ သြ ဖွယ် ကောင်း ပါ သည်။ ဘာ သာ ရေး လိုက် စား သူ များ ကို ဟန် ဆောင် ခြင်း မ ပြု ရန် သ တိ ပေး ပါ သည်။ ရန် သူ ကို လက် စား ချေ ရန် သွန် သင် နေ သော အ သိုင်း အ ဝိုင်း ထဲ တွင် သ ခင် ယေ ရှု က ရန် သူ ကို ခွင့်  လွှတ် ရန် သွန် သင် ပါ သည်။ ထို့ ကြောင့် လူ တို့ သည် ကိုယ် တော် ၏ တ ရား တော် ကို အံ့ သြ ကြ ပါ သည်။ (မသဲ ၇း ၂၈)

သ ခင် ယေ ရှု ၏ မေ တ္တာ တော် သည် အံ့ သြ ဖွယ် ဖြစ် သည်။ လူ ကောင်း များ ကို သာ ချစ် တတ် သော လော က တွင် အ ပြစ် သား များ ကို ချစ် ၍ ခွင့် လွှတ် သော အ ရှင် ဖြစ် သည်။ ဆိုး သော အ မျိုး သမီး တစ် ဦး ကို ခဲ နှင့် ပေါက် ခြင် သော သူ များ အား အ ပြစ် မ ရှိ သော သူ၊ ခဲ နှင့် စ ပေါက် ပါ ဟု စီ ရင် ပြီး နောက် တစ်ဖန် အ ပြစ် မ ပြု နှင့် ဟု သွန် သင် လက် ပြု ပြင် ပေး ပါ သည်။ ( ယော ဟန် ၈း ၁၁) 

သင် သည် လူ ကောင်း မ ဟုတ် သော် လည်း ယေ ရှု ခ ရစ် တော် သည် သင့် အ ပြစ် အ တွက် အ သေ ခံ ပြီး ပြီ ဟု ယုံ ကြည် လက် နောင် တ ရ ပြီး ဆက် ကပ် လှင် သင့် ကို အ သစ် ပြု ပြင် ပေး ပါ လိမ့်  မည်။ အံ့သြ ဖွယ် ယေရှု ကို သင် လက် ခံလှင် သင် သည် အံ့ သြ ဖွယ် ပြောင်း လဲ သွား ပါ လိမ့် မည်။ ( ၂ ကော ၅း ၁၇ ) အံ့ သြ ဖွယ် ယေ ရှု သည် လူ တို့ ကြံ စည် ၍ မ မှီ နိုင် သော ငြိမ် သက် ခြင်း ကို သင့် အား ပေး ပါ မည်။ ( ဖိ ၄း ၆ ) အံ့ သြ ဖွယ် ယေ ရှု ၏ မေ တ္တာ တော် သည် သင် ၏ စိတ် နှ လုံး ထဲ တွင် စီး ဆင်း လာ ပါ က သင့် ကို နှောင့် ယှက် သော သူ များ ကို ပင် ခွင့် လွှတ် နိုင် ပါ လိမ့် မည်။ ( တ မန် ၇း ၆၀ ) အံ့ သြ ဖွယ် ယေ ရှု နှင့် အ တူ ဘ ၀ ခ ရီး ကို ဆက် လက် လေက် လှမ်း လက် လော က ထဲ တွင် အံ့ သြ ဖွယ် အ မှု များ ကို ပြု ကြ ပါ စို့။

တင်ပြသူ-ဒေါက်တာစောစေးခူ

Post a Comment

Copyright © ခရစ်ယာန်တရားဟောချက်များ | Distributed by Blogger Templates | Designed by OddThemes