"ထာ ၀ ရ ဘု ရား ကို ကိုး ကွယ် ခြင်း"

"ထာ ၀ ရ ဘု ရား ကို ကိုး ကွယ် ခြင်း"



ဘာသာတရား အမျိုးမျိုးက ကိုးကွယ်ဝတ်ပြုခြင်းကို အနက်ဖွင့်ဆိုပုံ အမျိုးမျိုးရှိပါသည်။ သမာကျမ်းစာ သွန် သင် သည် မှာ ကိုး ကွယ်ခြင်း ဟူ သည် အလုံးစုံ အပ်နှံခြင်း၊ အကြွင်း မဲ့ အရှုံးပေးခြင်း ဖြစ်ပါ သည်။ မိမိဘ ၀ကို မိမိ ကိုယ်တိုင်မအုပ်ချုပ်တော့ပဲ ဘုရားသခင် သာအုပ် ချုပ်တော် မူပါဟု အလုံးစုံ အပ်နှံ လိုက်ခြင်းဖြစ်ပါသည် (ရောမ ၁၂း၁)။
ဘုရားသခင် ဒဏ်ခတ်မည် စီရင်မည်ကို ကြောက်ရွံ့သောကြောင့် အရှုံးပေးခြင်း မဟုတ်ပါ။ ဘုရားသခင် သည် ကျွန်ုပ်ကို အမှန်ပင် ချစ်တော်မူ သည်ဟု ခံစားသိရှိသောကြောင့် ကိုယ်တော်၏ လက်တော်ထဲသို့ ကိုယ့်ကို အပ်နှံ လိုက်ခြင်းဖြစ်သည် (၁ယော ၄း၉-၁၀၊ ၁၉)။

ဘုရား သခင် သည် ကျွန်ုပ်တို့ကိုချစ်ကြောင်းကို သက်သေ အထောက် အထားများ စွာဖြင့် ဖော်ပြ ပါသည်။
၁။ ကျွန်ုပ်တို့ကို သနားကျေးဇူးပြုပါသည် (ဆာလံ ၁၄၅း၉)။
၂။ ကျွန်ုပ်၏အပြုအမူနှင့် လမ်းခရီးများကို အစဉ်ကြည့်ရှု့နေသည် (ဆာလံ ၁၃၉း၃)။
၃။ ကျွန်ုပ်၏ဆံပင်ကို ရေတွက်သော ဘုရား ဖြစ်ပါသည် (မဲ ၁၀း၃၀)။
၎။ အသက်မွေးရန် လိုသောအရာများကို ပေးသည် (၁တိ ၆း၁၇)။
၅။ ကျွန်ုပ်တို၏ငြိမ်းသက်ခြင်းရှိရန် ပြင်ဆင်ပေးသည် (ယေရမိ ၂၉း၁၁)။
၆။ ကျွန်ုပ်တို့ဆုတောင်းလျှင် အဖြေပေးသည် (ဆာလံ ၈၆း၅)။
၇။ ကျွန်ုပ်တို့အတွက် တပါးတည်းသော သားတော်ကို စွန့်သည် (ယော ၃း၁၆)။

ဘုရား သခင်ကို စစ်မှန်စွာ ကိုးကွယ်သော သူသည် အလုံးစုံစွန့် လွှတ်ပူဇော်ခြင်း ၏အ ကျိုးကျေး ဇူးများ
ကိုခံစား ရပါ သည်။ ဘုရား သခင် သည် အောက် ပါကောင်းကြီး မင်္ဂလာများ ကို ပေး ပါ သည်။

(က)အလုံးစုံပူဇော်ခြင်းကြောင့် ငြိမ်သက်ချမ်းသာခြင်းကို ရရှိပါသည်။ (ယောဘ ၂၂း၂၁၊ ယောဟန် ၁၄း၂၇)
(ခ)ဘုရား သခင်၏ လက်တော် ထဲသို့ မိမိဘ၀နှင့် ဆနကို အပ်နှံ ထားသောကြောင့် ဒုစရိုက်
မှလွှတ် မြောက် သည်။ (ရောမ ၆း၁၃၊ မဲ ၆း၂၄)
(ဂ)ဘုရားသခင်ထံမှ အံ့သြဖွယ်တန် ခိုးတော်ကို ခံစား ရရှိသည်။ (ယောရှု ၅း၁၃-၆း၅၊ လုကာ ၅း၅)
          
ဘုရားသခင်ကို ကိုးကွယ်သောသူသည် မိမိဆနကို ဦးစားမပေးပါ မိမိကိုယ်ကိုငြင်းပယ် ခရစ်တော်၏ အလိုတော်ကိုအစဉ်မပြတ်နာခံသောသူ ဖြစ်ပါသည်(လုကာ ၉း၂၃)။ သင့်ဘ၀၏တစိတ်တပိုင်းကို ဆက် ကပ်ခြင်း သည် စစ်မှန်သော ကိုးကွယ်ခြင်း မဟုတ်ပါ စစ်မှန်စွာ ကိုးကွယ်သော သူသည် မိမိအ သက်တာ၏ ကဏ္ဍအားလုံးကို ဘုရားသခင်လက်တော်ထဲသို့ ပုံအပ်ထားသောသူဖြစ်ပါသည်။ စစ်မှန်သောကိုး ကွယ်ခြင်းသည် ၀တ်ပြုစည်းဝေး တွင် အစပြု လက်တွေ့ဘ၀သို့ ယူဆောင် သွားပြီး နေ့ စဉ်ပြု ရမည်ဝတ် ဖြစ်ပါသည်။

တင်ပြသူ-ဒေါက်တာစောစေးခူ           

1 comment :

  1. Merkur's Progress Gaming Merkur Progress Gaming Razor
    › › Merkur › Merkur The Merkur Progress Gaming Progress is a 2.7-inch 메리트카지노 3-pole adjustable design with a slanted head for more control and control. Made in Germany, it has an adjustable head  Manufacturer: Merkur Shaving Shaving & Shaving 1xbet Company Size: 3.6 x 0.1 inches Item Weight: 3.6 ounces Rating: 4.9 2,762 reviews $132.97 카지노사이트 In stock

    ReplyDelete

Copyright © ခရစ်ယာန်တရားဟောချက်များ | Distributed by Blogger Templates | Designed by OddThemes